11th Annual General Meeting

We would like like to invite all share holders to Myanma Agricultural & General Development Public Co., Ltd (MAGDPL)’s 11th Annual General Meeting as follows;

Date   : November 10, 2024 (Sunday)

Time   : 02:00 PM

Venue: Zoom Online Meeting

#Please note that, the online meeting invitation will send you soon.

11-AGM-hover

11th AGM documents

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်

အထူးအထွေထွေအစည်းအဝေးနှင့် ဧကာဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးဖိတ်ကြားလွှာ

၁။       မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်၏ အထူးအထွေထွေအစည်းအဝေးနှင့် ဧကာဒဿမအကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို Online အသုံးပြု၍ ၁၀-၁၁-၂၀၂၄ (တနင်္ဂနွေနေ့) မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အစုရှယ်ယာရှင်များ တက်ရောက်ပေးနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

၂။        အစုရှယ်ယာရှင် တစ်ဦးချင်းစီသို့လည်း အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားစာ၊ နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တင်ပြမည့် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် အစည်းအဝေးတက်ရောက်ရမည့် Zoom Meeting ID အမှတ်တို့ကို အများပိုင်ကုမ္ပဏီ၏ Email: info@magdpl.com နှင့် Viber +95-9421162331 တို့ဖြင့်လည်းကောင်း SMS ဖြင့်လည်းကောင်း အချိန်မီပေးပို့သွားမည်ဖြစ်ပါသည်။

၃။       အစုရှယ်ယာရှင်များအနေဖြင့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်၏ အကျိုးစီးပွားတိုးတက်စေရန်အတွက် အကြံပြုမေးမြန်းစာများ ပေးပို့လိုပါက ၁-၁၁-၂၀၂၄ (သောကြာနေ့) ညနေ (၅း၀၀) နာရီ နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့သို့လိပ်မူ၍ Email: info@magdpl.com ကို ပေးပို့နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

အစည်းအဝေးကျင်းပမည့်နေ့   – ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက် (တနင်္ဂနွေနေ့)

အစည်းအဝေးကျင်းပမည့်အချိန် – မွန်းလွဲ (၂း၀၀) နာရီတိတိ

အစည်းအဝေးကျင်းပမည့်ပုံစံ  – Zoom Online Meeting

ဒါရိုက်တာအဖွဲ့

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်

၁။         အစည်းအဝေးစတင်ကြောင်းနှင့် အစည်းအဝေးအထမြောက်ကြောင်း ကြေညာခြင်း။

၂။         သဘာပတိ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဥက္ကဠ ဦးထွန်းလွင်က အဖွင့်အမှာစကား ပြောကြားခြင်း။

၃။         အထူးအထွေထွေအစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခြင်း။

MAGDPL မှ ၁၄-၈-၂၀၂၄ ရက်နေ့တွင် ဝင်ရောက်မှတ်ပုံတင်ခဲ့ပြီးဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုစျေးကွက် (Pre-Listing Board – PLB) တွင် ရင်းနှီးငွေနည်းပါးသည့် ပြည်သူများ မိမိရင်းနှီးနိုင်သည့် ငွေပမာဏအလျောက် လွယ်လင့်တကူဝယ်ယူမြှုပ်နှံနိုင်ရန် အစုရှယ်ယာအမြတ်ခွဲဝေရာတွင် ပိုမိုလွယ်ကူစွာ တွက်ချက်ပေးနိုင်ရန်အတွက်ရည်ရွယ်၍ တစ်စုလျှင် ကျပ်တစ်သောင်းတန် အစုရှယ်ယာစုစုပေါင်း ၁,၀၀၆,၀၃၅ စုအား တစ်စုလျှင် ကျပ်တစ်‌ထောင်နှုန်းဖြင့် ပြင်ဆင်၍ အစုရှယ်ယာစုစုပေါင်း ၁၀,၀၆၀,၃၅၀ စု သို့ ပြောင်းလဲခြင်းအတွက် အစုရှယ်ယာရှင်များ၏ အတည်ပြုချက်ရယူခြင်း။
(ကုမ္ပဏီ၏ ခွင့်ပြုမတည်ငွေရင်း ကျပ် ၁၀,၀၆၀,၃၅၀,၀၀၀/-မှာ မူလအတိုင်းတည်ရှိမည်ဖြစ်ပြီး အစုရှယ်ယာတန်ဖိုးမှာ မူလက တစ်စုလျှင် ကျပ် ၁၀,၀၀၀/- မှ ကျပ် ၁,၀၀၀/- သို့ ပြင်ဆင်ခြင်းကြောင့် အစုရှယ်ယာအရေအတွက်မှာ ၁၀,၀၆၀,၃၅၀ စုသို့ ပြောင်းလဲသွားမည်ဖြစ်ပါသည်။)

ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း အပိုဒ်(၈၈)တွင် ဖော်ပြထားသော ဒါရိုက်တာတစ်ဦးသည် အစုရှယ်ယာအနည်းဆုံး (၁,၀၀၀) စု သို့မဟုတ် အစုရှယ်ယာတန်ဖိုးကျပ် သိန်းတစ်ရာနှင့်အထက်ကို ပိုင်ဆိုင်ရမည် စာသားအစား ဒါရိုက်တာတစ်ဦးသည် အစုရှယ်ယာအနည်းဆုံး (၁၀,၀၀၀)စု သို့မဟုတ် အစုရှယ်ယာတန်ဖိုးကျပ် သိန်းတစ်ရာနှင့်အထက်ကို ပိုင်ဆိုင်ရမည် ဟု ပြောင်းလဲခြင်းအတွက် အစုရှယ်ယာရှင်များ၏ အတည်ပြုချက်ရယူခြင်း။

၄။       အထူးအထွေထွေအစည်းအဝေးပြီးစီးကြောင်း ကြောငြာခြင်း။

ဒါရိုက်တာအဖွဲ့

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်

၁။         ၂၀၂၄ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ၊ အတည်ပြုဘဏ္ဍာရေးရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ကို ကြေငြာခြင်း။

၂။         အစုရှယ်ယာရှင်များ၏ အမြတ်တွေစုခွဲဝေခြင်းအား ကြေငြာခြင်း။

၃။         ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ခြင်းနှင့် ရွေးချယ်ခံရသော ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းအား ကြေငြာခြင်း။

၄။         လွတ်လပ်သောဒါရိုက်တာများ၏ အမည်စာရင်းအား ကြေငြာခြင်း။

၅။        ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းကို ကြေငြာခြင်း။

အစုရှယ်ယာရှင်များအနေဖြင့် မေးမြန်းအကြံပြုလိုသည်များရှိပါက (၁-၁၁-၂၀၂၄) ရက်နေ့ ညနေ (၅း၀၀)နာရီ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

ဒါရိုက်တာအဖွဲ့

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)

စဥ် မူလစာသား ပြင်ဆင်/ဖြည့်စွက်မည့်စာသား အကျိုးအကြောင်းဖော်ပြချက်
ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းအပိုဒ် (၁၂)(က)တွင် ဖော်ပြထားသော
ကုမ္ပဏီ၏ ဤဖွဲ့စည်းပုံအခြေခံစည်းမျဥ်း အတည်ပြုသည့်အချိန်တွင် ထုတ်ဝေထားသော အစုရှယ်ယာအရေအတွက်မှာ ၁,၀၀၆,၀၃၅ စုဖြစ်ပါသည်။ ကုမ္ပဏီ၏ ဤဖွဲ့စည်းပုံအခြေခံစည်းမျဥ်း အတည်ပြုသည့်အချိန်တွင် ခွင့်ပြုမတည်ငွေရင်း ကျပ် ၁၀,၀၆၀,၃၅၀,၀၀၀/-ဖြစ်ပြီး အစုရှယ်ယာအရေအတွက်မှာ တစ်စုလျှင် ကျပ် ၁,၀၀၀/- နှုန်းဖြင့် အစုရှယ်ယာစုစုပေါင်း ၁၀,၀၆၀,၃၅၀ စုဖြစ်ပါသည်။ ရင်းနှီးငွေနည်းပါသည့်ပြည်သူများ မိမိရင်းနှီးနိုင်သည့်ငွေပမာဏအလျောက် လွယ်လင့်တကူဝယ်ယူမြှုပ်နှံနိုင်ရန်၊ အစုရှယ်ယာအမြတ်ခွဲဝေရာတွင် ပိုမိုလွယ်ကူစွာ တွက်ချက်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ပြင်ဆင်ခြင်းဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း အပိုဒ် (၈၈)တွင်ဖော်ပြထားသော
ဒါရိုက်တာတစ်ဦးသည် အစုရှယ်ယာအနည်းဆုံး(၁၀၀၀) စု သို့မဟုတ် အစုရှယ်ယာ တန်ဖိုးကျပ် သိန်းတစ်ရာနှင့် အထက် ကို ပိုင်ဆိုင် ရမည်ဖြစ်ပြီး ဥပ‌ဒေ ပုဒ်မ (၁၇၅) ပါ ပြဠာန်းချက်များကို လည်းလိုက်နာရန် တာ၀န်ရှိသည်။ ဒါရိုက်တာတစ်ဦးသည် အစုရှယ်ယာ အနည်းဆုံး (၁၀,၀၀၀) စု သို့မဟုတ် အစုရှယ်ယာ တန်ဖိုး‌ ‌ငွေကျပ် သိန်းတစ်ရာ နှင့်အထက်ကို ပိုင်ဆိုင် ရမည် ဖြစ်ပြီး ဥပဒေ ပုဒ်မ (၁၇၅) ပါ ပြဠာန်းချက်များကို လည်းလိုက်နာရန် တာ၀န်ရှိသည်။ အစုရှယ်ယာတန်ဖိုး အား တစ်စုလျှင် ကျပ် ၁,၀၀၀/- နှုန်း ဖြင့် ပြင်ဆင်သတ်မှတ်ခြင်းကြောင့် ပြင်ဆင်ရခြင်း ဖြစ်ပါသည်။

၁။         မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ အထူးအထွေထွေအစည်းအဝေးနှင့် ဧကာဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကို Online အသုံးပြု၍ ၁၀-၁၁-၂၀၂၄ ရက် (တနင်္ဂနွေနေ့)၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၂။         ဒါရိုက်တာအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ၁၂-၁၀-၂၀၂၄ ရက်(စနေနေ့) တွင် https://www.magdpl.com ၌ တင်ပေးထားမည် ဖြစ်ပါသည်။

၃။         အစုရှယ်ယာရှင်များ၏ အကြံပြုချက်/မေးမြန်းချက်များကို ၁-၁၁-၂၀၂၄ ရက် (သောကြာနေ့) ညနေ (၅း၀၀) နာရီ နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့ထံသို့ လိပ်မူပြီး info@magdpl.com သို့ ပေးပို့နိုင်ပါ သည်။

၄။         အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့် ဒါရိုက်တာအဖွဲ့ဝင်သစ်များကို ရွေးချယ်နိုင်ရန် Online Register ပြုလုပ်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို ၂၉-၁၀-၂၀၂၄ ရက် (အင်္ဂါနေ့) ညနေ (၅း၀၀) နာရီ အချိန်ထက် နောက်မကျဘဲ MAGDPL ၏ Website ဖြစ်သော https://www.magdpl.com တွင် ဝင်ရောက်ဆောင် ရွက်နိုင်ပါသည်။

၅။        Online Registration ပြုလုပ်ရန်အခက်အခဲရှိသည့် အစုရှယ်ယာရှင်များအနေဖြင့် MADPL ၏ Viber ဖုန်းနံပါတ်အမှတ် ၀၉-၄၂၁၁၆၂၃၃၁ သို့ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မူရင်းကို ရှေ့နောက်ဓာတ်ပုံရိုက် ၍ အမည်၊ မှတ်ပုံတင်အမှတ်၊ Online Voting Link နှင့် Zoom Webinar Link လက်ခံမည့် မိုဘိုင်းဖုန်းနံပါတ် တစ်ခုတည်းဖြင့် အစုရှယ်ယာရှင်ကိုယ်တိုင်ပေးပို့၍ စာရင်းပေးသွင်းဆောင်ရွက်နိုင်ပါသည်။

၆။ မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ အထူးအထွေထွေအစည်းအဝေးနှင့် ဧကာဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကို အွန်လိုင်းအသုံးပြု၍ ၁၀-၁၁-၂၀၂၄ ရက် (တနင်္ဂနွေနေ့)၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ကျင်းပပြု လုပ်မည်ဖြစ်ပါသည်။ အစည်းအဝေးကျင်းပသည့်နေ့တွင် ဒါရိုက်တာအဖွဲ့ဝင်ရွေးချယ်ခြင်းကို ပြုလုပ်သွားမည် ဖြစ်ပါသည်။

၇။        ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူသည် အစု ရှယ်ယာအရေအတွက် (၁,၀၀၀) (အစုရှယ်ယာတန်ဖိုးသိန်းတစ်ရာ) နှင့်အထက် ပိုင်ဆိုင်သူဖြစ်ရန် လိုအပ်ပြီး MAGDPL Website ဖြစ်သော https://www.magdpl.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံများ Download ပြုလုပ်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံ လိုသူများအနေဖြင့် ၃၁-၁၀-၂၀၂၄ (ကြာသပတေးနေ့) ညနေ (၅း၀၀) နာရီထက် နောက်မကျဘဲ MAGDPL ၏ Email ဖြစ်သည့် info@magdpl.com သို့ ပေးပို့ပေးရပါမည်။ သတ်မှတ်အချိန်ထက် ကျော်လွန်ပါက အတည်ပြုလက်ခံမည် မဟုတ်တော့ပါ။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒါရိုက်တာ အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေများအပေါ် အခြေခံ၍ ၁၀-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပမည့် ဧကာဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များပိုင်ဆိုင်သည့် အစုရှယ်ယာ တစ်စုလျှင် ငါးရာကျပ်တိတိအား ခွဲဝေပေးမည်ဖြစ်ကြောင်း ၁၀-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ၌ ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များသို့ ခွဲဝေပေးမည့် အမြတ်ဝေစုတန်ဖိုးကို အစုရှယ်ယာရှင်များအား စနစ်တကျ ထုတ်ပေးနိုင်ရန်အတွက် ၂၆-၉-၂၀၂၄ နေ့အထိ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရှင် မှတ်တမ်းတွင် ၂-၁၀-၂၀၂၄ နေ့၌ ပါရှိမည့် အစုရှယ်ယာရှင်တစ်ဦးချင်းစီက အစုရှယ်ယာဝယ်ယူပိုင်ဆိုင်သော အရေအတွက်အတိုင်း ရယူခွင့်ရှိမည် ဖြစ်ပါသည်။

အမြတ်ဝေစုများ ထုတ်ဝေပေးရာတွင် –

Securities ကုမ္ပဏီများဖြစ်သော CB Securities, KBZSC Securities, MSEC Securities, AYAtrust Securities, KTZRH Securities နှင့် UAB Securities ကုမ္ပဏီတို့တွင် Securities Account ဖွင့်လှစ်ထားပြီး ဖြစ်သည့် အစုရှယ်ယာရှင်များအတွက် အမြတ်ဝေစုကို မိမိတို့ဖွင့်လှစ်ခဲ့သည့် Securities ကုမ္ပဏီများသို့ ထည့်သွင်းပေးမည်ဖြစ်ပါ၍ Securities ကုမ္ပဏီနှင့် ဆက်သွယ်ဆောင် ရွက်ကြရပါမည်။ ထည့်သွင်းပေးမည့်ရက်ကို ထပ်မံကြေငြာပါမည်။

            Securities Account မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအနေဖြင့် Shwe Zabu River View Complex, 23G-1, No.3B, Tower (A), ပထမထပ်၊ ကမ်းနားလမ်း၊ အလုံမြို့နယ်တွင် လာရောက်ထုတ်ယူနိုင် ပါသည်။

ဒါရိုက်တာအဖွဲ့

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)

၂၀၁၆-၁၇၊ ၂၀၁၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂ Mini Budget ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တို့အတွက် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) မှ ခွဲဝေပေးသည့် အမြတ်ဝေစုအား အကြောင်းကြောင်းကြောင့် လာရောက်မထုတ်ယူသေးသည့် အစုရှယ်ယာရှင်များအနေဖြင့် အောက်တွင် ဖော်ပြထားသည့်အတိုင်း ဆက်သွယ်၍ အမြတ်ဝေစု ထုတ်ယူ နိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ          –   မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်(MAGDPL)   ရွှေဇဗ္ဗူရေးဗားဗျူးကွန်းပလပ်(စ်)၊ ၂၃ ဂျီ-၁၊ အမှတ် ၃-ဘီ၊တာဝါ (အေ)၊ ပထမထပ်၊ ကမ်းနားလမ်း၊      အလုံမြို့နယ်၊ ရန်ကုန် မြို့။

ဆက်သွယ်ရမည့်ဖုန်းနံပါတ်     –   ၀၉-၄၂၁၁ ၆၂၃၃၁

E-mail                                  –   info@magdpl.com

အသိပေးကြေညာချက်

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒါရိုက်တာအဖွဲ့က ဧကာဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေအစည်းအဝေးတွင် တင်ပြမည့် နှစ်ပတ်လည်အစီရင်ခံစာ စာအုပ်ကို ၁၂-၁၀-၂၀၂၄ ရက်နေ့မှစတင်၍ MAGDPL ၏ Website ဖြစ်သည့် https://www.magdpl.com တွင် တင်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ဒါရိုက်တာအဖွဲ့

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)