12th Annual General Meeting
We would like like to invite all share holders to Myanma Agricultural & General Development Public Co., Ltd (MAGDPL)’s 12th Annual General Meeting as follows;
Date : December 23, 2025 (Tuesday)
Time : 02:00 PM
Venue: Zoom Online Meeting
#Please note that, the online meeting invitation will send you soon.
11th AGM documents
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်
ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးဖိတ်ကြားလွှာ

၁။ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်၏ ဒွါဒဿမအကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို Online အသုံးပြု၍ ၂၃–၁၂–၂၀၂၅ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အစုရှယ်ယာရှင်များ တက်ရောက်ပေးနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
၂။ အစုရှယ်ယာရှင် တစ်ဦးချင်းစီသို့လည်း အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားစာ၊ နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တင်ပြမည့် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် အစည်းအဝေးတက်ရောက်ရမည့် Zoom Meeting ID အမှတ်တို့ကို အများပိုင်ကုမ္ပဏီ၏ Email: info@magdpl.com နှင့် Viber +95-9421162331 တို့ဖြင့်လည်းကောင်း SMS ဖြင့်လည်းကောင်း အချိန်မီပေးပို့သွားမည်ဖြစ်ပါသည်။
၃။ အစုရှယ်ယာရှင်များအနေဖြင့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်၏ အကျိုးစီးပွားတိုးတက်စေရန်အတွက် အကြံပြုမေးမြန်းစာများ ပေးပို့လိုပါက ၁၂-၁၂-၂၀၂၅ (သောကြာနေ့) ညနေ (၅း၀၀) နာရီ နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့သို့လိပ်မူ၍ Email: info@magdpl.com ကို ပေးပို့နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
အစည်းအဝေးကျင်းပမည့်နေ့ – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက် (အင်္ဂါနေ့)
အစည်းအဝေးကျင်းပမည့်အချိန် – မွန်းလွဲ (၂း၀၀) နာရီတိတိ
အစည်းအဝေးကျင်းပမည့်ပုံစံ – Zoom Online Meeting
—
ဒါရိုက်တာအဖွဲ့
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်
၁။ ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၄–၂၀၂၅ဘဏ္ဍာနှစ်အတွက်ဒါရိုက်တာအဖွဲ့၏နှစ်ပတ်လည်အစီရင်ခံစာ၊အတည်ပြုဘဏ္ဍာရေးရှင်းတမ်းများနှင့်ပြင်ပစာရင်းစစ်အစီရင်ခံစာတို့ကိုကြေညာခြင်း။
၂။အစုရှယ်ယာရှင်များ၏အမြတ်ဝေစုခွဲဝေခြင်းအားကြေညာခြင်း။
၃။ဒါရိုက်တာအဖွဲ့ဝင်များရွေးချယ်ခန့်အပ်ခြင်းနှင့်ရွေးချယ်ခံရသောဒါရိုက်တာအဖွဲ့ဝင်များ၏အမည်စာရင်းအားကြေညာခြင်း။
၄။လွတ်လပ်သောဒါရိုက်တာများ၏အမည်စာရင်းအားကြေညာခြင်း။
၅။ ၂၀၂၅–၂၀၂၆ဘဏ္ဍာနှစ်အတွက်ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းကိုကြေညာခြင်း။
အစုရှယ်ယာရှင်များအနေဖြင့် မေးမြန်းအကြံပြုလိုသည်များရှိပါက (၁၂–၁၂–၂၀၂၅) ရက်နေ့ ညနေ (၅း၀၀) နာရီ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။
—
ဒါရိုက်တာအဖွဲ့
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)
- Announcement of Directors’ Report, Approved Financial Statements and External Audit Report for the Financial Year ended on 31st March 2025 (FY 2024-2025).
- Announcement of Shareholder’s Dividend.
- Appointment of Members of the Board and announcement of Approved BOD Members.
- Announcement of Approved Independent Directors.
- Announcement of Approved External Audit Firm for the Financial Year 2025-2026.
“For any question or suggestion, please kindly send them by 5:00 pm on 12th December 2025.”
၁။ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကို Online အသုံးပြု၍ ၂၃–၁၂–၂၀၂၅ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၂။ ဒါရိုက်တာအဖွဲ့၏ ၂၀၂၄–၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ၂၈–၁၁–၂၀၂၅ ရက်(သောကြာ နေ့) တွင် https://www.magdpl.com ၌တင်ပေးထားမည်ဖြစ်ပါသည်။
၃။ အစုရှယ်ယာရှင်များ၏ အကြံပြုချက်/မေးမြန်းချက်များကို ၁၂–၁၂–၂၀၂၅ ရက် (သောကြာနေ့) ညနေ (၅း၀၀) နာရီ နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့ထံသို့ လိပ်မူပြီး https://www.magdpl.com သို့ပေးပို့နိုင်ပါသည်။
၄။ အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့် ဒါရိုက်တာအဖွဲ့ဝင်သစ်များကို ရွေးချယ်နိုင်ရန် Online Register ပြုလုပ်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို ၁၂–၁၂–၂၀၂၅ ရက် (သောကြာနေ့) ညနေ (၅း၀၀) နာရီ အချိန်ထက် နောက်မကျဘဲ MAGDPL ၏ Website ဖြစ်သော https://www.magdpl.com တွင်ဝင်ရောက်ဆောင်ရွက်နိုင်ပါသည်။
၅။ Online Registration ပြုလုပ်ရန်အခက်အခဲရှိသည့် အစုရှယ်ယာရှင်များအနေဖြင့် MADPL ၏ Viber ဖုန်းနံပါတ်အမှတ် ၀၉–၄၂၁၁၆၂၃၃၁ သို့ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မူရင်းကို ရှေ့နောက်ဓာတ်ပုံရိုက် ၍ အမည်၊ မှတ်ပုံတင်အမှတ်၊ Online Voting Link နှင့် Zoom Webinar Link လက်ခံမည့်မိုဘိုင်းဖုန်းနံပါတ်တစ်ခုတည်းဖြင့်အစုရှယ်ယာရှင်ကိုယ်တိုင်ပေးပို့၍စာရင်းပေးသွင်းဆောင်ရွက်နိုင်ပါသည်။
၆။ မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကို အွန်လိုင်းအသုံးပြု၍ ၂၃–၁၂–၂၀၂၅ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။အစည်းအဝေးကျင်းပသည့်နေ့တွင်ဒါရိုက်တာအဖွဲ့ဝင်ရွေးချယ်ခြင်းကိုပြုလုပ်သွားမည်ဖြစ်ပါသည်။
၇။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူသည် အစု ရှယ်ယာအရေအတွက် (၁၀,၀၀၀) (အစုရှယ်ယာတန်ဖိုးသိန်းတစ်ရာ) နှင့်အထက် ပိုင်ဆိုင်သူဖြစ်ရန် လိုအပ်ပြီး MAGDPL Website ဖြစ်သော https://www.magdpl.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံများ Download ပြုလုပ်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံ လိုသူများအနေဖြင့် ၁၂–၁၂–၂၀၂၅ (သောကြာနေ့) ညနေ (၅း၀၀) နာရီထက် နောက်မကျဘဲ MAGDPL ၏ Email ဖြစ်သည့် info@magdpl.com သို့ပေးပို့ပေးရပါမည်။သတ်မှတ်အချိန်ထက်ကျော်လွန်ပါကအတည်ပြုလက်ခံမည်မဟုတ်တော့ပါ။
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒါရိုက်တာ အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေများအပေါ် အခြေခံ၍ ၂၃–၁၂–၂၀၂၅ ရက်နေ့တွင် ကျင်းပမည့် ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များပိုင်ဆိုင်သည့် အစုရှယ်ယာတစ်စုလျှင် (၅၀)ကျပ်တိတိအား ခွဲဝေပေးမည်ဖြစ်ကြောင်း ၂၄–၁၀–၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄ /၂၀၂၅) ၌ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များသို့ ခွဲဝေပေးမည့် အမြတ်ဝေစုတန်ဖိုးကို အစုရှယ်ယာရှင်များအား စနစ်တကျ ထုတ်ပေးနိုင်ရန်အတွက် ၆–၁၀–၂၀၂၅ နေ့အထိ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရှင် မှတ်တမ်းတွင် ၁၀–၁၀–၂၀၂၅နေ့၌ပါရှိမည့်အစုရှယ်ယာရှင်တစ်ဦးချင်းစီကအစုရှယ်ယာဝယ်ယူပိုင်ဆိုင်သောအရေအတွက်အတိုင်းရယူခွင့်ရှိမည်ဖြစ်ပါသည်။
အမြတ်ဝေစုများ ထုတ်ဝေပေးရာတွင် –
Securities ကုမ္ပဏီများဖြစ်သော CB Securities, KBZSC Securities, MSEC Securities, AYAtrust Securities, KTZRH Securities နှင့် UAB Securities ကုမ္ပဏီတို့တွင် Securities Account ဖွင့်လှစ်ထားပြီး ဖြစ်သည့် အစုရှယ်ယာရှင်များအတွက် အမြတ်ဝေစုကို မိမိတို့ဖွင့်လှစ် ခဲ့သည့် Securities ကုမ္ပဏီများသို့ ထည့်သွင်းပေးမည်ဖြစ်ပါ၍ Securities ကုမ္ပဏီနှင့်ဆက်သွယ်ဆောင်ရွက်ကြရပါမည်။ထည့်သွင်းပေးမည့်ရက်ကိုထပ်မံကြေညာပါမည်။
Securities Account မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအနေဖြင့် Shwe Zabu River View Complex, 23G-1, No.3B, Tower (A), ပထမထပ်၊ကမ်းနားလမ်း၊အလုံမြို့နယ်တွင်လာရောက်ထုတ်ယူရမည့်ရက်စွဲအားဆက်လက်ကြေညာပေးသွားမည်ဖြစ်ပါသည်။
—
ဒါရိုက်တာအဖွဲ့
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)
၂၀၁၆–၁၇၊ ၂၀၁၉၊ ၂၀၁၉–၂၀၂၀၊ ၂၀၂၀–၂၀၂၁၊ ၂၀၂၁–၂၀၂၂ Mini Budget ၊ ၂၀၂၂–၂၀၂၃၊ ၂၀၂၃–၂၀၂၄ ဘဏ္ဍာနှစ် တို့အတွက် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိ တက် (MAGDPL) မှခွဲဝေပေးသည့်အမြတ်ဝေစုအားအကြောင်းကြောင်းကြောင့်လာရောက်မထုတ်ယူသေးသည့်အစုရှယ်ယာရှင်များအနေဖြင့်အောက်တွင်ဖော်ပြထားသည့်အတိုင်းဆက်သွယ်၍အမြတ်ဝေစုထုတ်ယူနိုင်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ – မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်(MAGDPL)
ရွှေဇဗ္ဗူရေးဗားဗျူးကွန်းပလပ်(စ်)၊ ၂၃ ဂျီ-၁၊ အမှတ် ၃-ဘီ၊တာဝါ (အေ)၊ ပထမထပ်၊ ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန် မြို့။
ဆက်သွယ်ရမည့်ဖုန်းနံပါတ် – ၀၉-၄၂၁၁ ၆၂၃၃၁
E-mail – info@magdpl.com
—
ဒါရိုက်တာအဖွဲ့
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)
မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒါရိုက်တာအဖွဲ့က ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေအစည်းအဝေးတွင် တင်ပြမည့် နှစ်ပတ် လည်အစီရင်ခံစာ စာအုပ်ကို ၂၈–၁၁–၂၀၂၅ ရက်နေ့မှစတင်၍ MAGDPL ၏ Website ဖြစ်သည့် https://www.magdpl.com တွင်တင်ထားမည်ဖြစ်ပါကြောင်းလေးစားစွာဖြင့်အသိပေးအပ်ပါသည်။
—
ဒါရိုက်တာအဖွဲ့
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်
ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးဖိတ်ကြားလွှာ

၁။ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်၏ ဒွါဒဿမအကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို Online အသုံးပြု၍ ၂၃-၁၂-၂၀၂၄ (အင်္ဂါနေ့) မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အစုရှယ်ယာရှင်များ တက်ရောက်ပေးနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
၂။ အစုရှယ်ယာရှင် တစ်ဦးချင်းစီသို့လည်း အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားစာ၊ နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တင်ပြမည့် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် အစည်းအဝေးတက်ရောက်ရမည့် Zoom Meeting ID အမှတ်တို့ကို အများပိုင်ကုမ္ပဏီ၏ Email: info@magdpl.com နှင့် Viber +95-9421162331 တို့ဖြင့်လည်းကောင်း SMS ဖြင့်လည်းကောင်း အချိန်မီပေးပို့သွားမည်ဖြစ်ပါသည်။
၃။ အစုရှယ်ယာရှင်များအနေဖြင့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်၏ အကျိုးစီးပွားတိုးတက်စေရန်အတွက် အကြံပြုမေးမြန်းစာများ ပေးပို့လိုပါက ၁၂-၁၂-၂၀၂၅ (သောကြာနေ့) ညနေ (၅း၀၀) နာရီ နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့သို့လိပ်မူ၍ Email: info@magdpl.com ကို ပေးပို့နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
အစည်းအဝေးကျင်းပမည့်နေ့ – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက် (အင်္ဂါနေ့)
အစည်းအဝေးကျင်းပမည့်အချိန် – မွန်းလွဲ (၂း၀၀) နာရီတိတိ
အစည်းအဝေးကျင်းပမည့်ပုံစံ – Zoom Online Meeting
ဒါရိုက်တာအဖွဲ့
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်
၁။ ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၄–၂၀၂၅ဘဏ္ဍာနှစ်အတွက်ဒါရိုက်တာအဖွဲ့၏နှစ်ပတ်လည်အစီရင်ခံစာ၊အတည်ပြုဘဏ္ဍာရေးရှင်းတမ်းများနှင့်ပြင်ပစာရင်းစစ်အစီရင်ခံစာတို့ကိုကြေညာခြင်း။
၂။အစုရှယ်ယာရှင်များ၏အမြတ်ဝေစုခွဲဝေခြင်းအားကြေညာခြင်း။
၃။ဒါရိုက်တာအဖွဲ့ဝင်များရွေးချယ်ခန့်အပ်ခြင်းနှင့်ရွေးချယ်ခံရသောဒါရိုက်တာအဖွဲ့ဝင်များ၏အမည်စာရင်းအားကြေညာခြင်း။
၄။လွတ်လပ်သောဒါရိုက်တာများ၏အမည်စာရင်းအားကြေညာခြင်း။
၅။ ၂၀၂၅–၂၀၂၆ဘဏ္ဍာနှစ်အတွက်ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းကိုကြေညာခြင်း။
—
ဒါရိုက်တာအဖွဲ့
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်
၁။ ၂၀၂၄ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ၊ အတည်ပြုဘဏ္ဍာရေးရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ကို ကြေငြာခြင်း။
၂။ အစုရှယ်ယာရှင်များ၏ အမြတ်တွေစုခွဲဝေခြင်းအား ကြေငြာခြင်း။
၃။ ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ခြင်းနှင့် ရွေးချယ်ခံရသော ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းအား ကြေငြာခြင်း။
၄။ လွတ်လပ်သောဒါရိုက်တာများ၏ အမည်စာရင်းအား ကြေငြာခြင်း။
၅။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းကို ကြေငြာခြင်း။
အစုရှယ်ယာရှင်များအနေဖြင့် မေးမြန်းအကြံပြုလိုသည်များရှိပါက (၁-၁၁-၂၀၂၄) ရက်နေ့ ညနေ (၅း၀၀)နာရီ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။
—
ဒါရိုက်တာအဖွဲ့
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)
၁။ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကို Online အသုံးပြု၍ ၂၃-၁၂-၂၀၂၅ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
၂။ ဒါရိုက်တာအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ၂၄-၁၁-၂၀၂၅ ရက်(တနင်္လာနေ့) တွင် https://www.magdpl.com ၌ တင်ပေးထားမည် ဖြစ်ပါသည်။
၃။ အစုရှယ်ယာရှင်များ၏ အကြံပြုချက်/မေးမြန်းချက်များကို ၁၂-၁၂-၂၀၂၅ ရက် (သောကြာနေ့) ညနေ (၅း၀၀) နာရီ နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့ထံသို့ လိပ်မူပြီး info@magdpl.com သို့ ပေးပို့နိုင်ပါ သည်။
၄။ အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့် ဒါရိုက်တာအဖွဲ့ဝင်သစ်များကို ရွေးချယ်နိုင်ရန် Online Register ပြုလုပ်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို ၁၂-၁၂-၂၀၂၅ ရက် (သောကြာနေ့) ညနေ (၅း၀၀) နာရီ အချိန်ထက် နောက်မကျဘဲ MAGDPL ၏ Website ဖြစ်သော https://www.magdpl.com တွင် ဝင်ရောက်ဆောင် ရွက်နိုင်ပါသည်။
၅။ Online Registration ပြုလုပ်ရန်အခက်အခဲရှိသည့် အစုရှယ်ယာရှင်များအနေဖြင့် MADPL ၏ Viber ဖုန်းနံပါတ်အမှတ် ၀၉-၄၂၁၁၆၂၃၃၁ သို့ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မူရင်းကို ရှေ့နောက်ဓာတ်ပုံရိုက် ၍ အမည်၊ မှတ်ပုံတင်အမှတ်၊ Online Voting Link နှင့် Zoom Webinar Link လက်ခံမည့် မိုဘိုင်းဖုန်းနံပါတ် တစ်ခုတည်းဖြင့် အစုရှယ်ယာရှင်ကိုယ်တိုင်ပေးပို့၍ စာရင်းပေးသွင်းဆောင်ရွက်နိုင်ပါသည်။
၆။ မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကို အွန်လိုင်းအသုံးပြု၍ ၁၀-၁၁-၂၀၂၄ ရက် (တနင်္ဂနွေနေ့)၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ကျင်းပပြု လုပ်မည်ဖြစ်ပါသည်။ အစည်းအဝေးကျင်းပသည့်နေ့တွင် ဒါရိုက်တာအဖွဲ့ဝင်ရွေးချယ်ခြင်းကို ပြုလုပ်သွားမည် ဖြစ်ပါသည်။
၇။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူသည် အစု ရှယ်ယာအရေအတွက် (၁,၀၀၀) (အစုရှယ်ယာတန်ဖိုးသိန်းတစ်ရာ) နှင့်အထက် ပိုင်ဆိုင်သူဖြစ်ရန် လိုအပ်ပြီး MAGDPL Website ဖြစ်သော https://www.magdpl.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံများ Download ပြုလုပ်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံ လိုသူများအနေဖြင့် ၃၁-၁၀-၂၀၂၄ (ကြာသပတေးနေ့) ညနေ (၅း၀၀) နာရီထက် နောက်မကျဘဲ MAGDPL ၏ Email ဖြစ်သည့် info@magdpl.com သို့ ပေးပို့ပေးရပါမည်။ သတ်မှတ်အချိန်ထက် ကျော်လွန်ပါက အတည်ပြုလက်ခံမည် မဟုတ်တော့ပါ။
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒါရိုက်တာ အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေများအပေါ် အခြေခံ၍ ၁၀-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပမည့် ဧကာဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များပိုင်ဆိုင်သည့် အစုရှယ်ယာ တစ်စုလျှင် ငါးရာကျပ်တိတိအား ခွဲဝေပေးမည်ဖြစ်ကြောင်း ၁၀-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ၌ ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ အစုရှယ်ယာရှင်များသို့ ခွဲဝေပေးမည့် အမြတ်ဝေစုတန်ဖိုးကို အစုရှယ်ယာရှင်များအား စနစ်တကျ ထုတ်ပေးနိုင်ရန်အတွက် ၂၆-၉-၂၀၂၄ နေ့အထိ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရှင် မှတ်တမ်းတွင် ၂-၁၀-၂၀၂၄ နေ့၌ ပါရှိမည့် အစုရှယ်ယာရှင်တစ်ဦးချင်းစီက အစုရှယ်ယာဝယ်ယူပိုင်ဆိုင်သော အရေအတွက်အတိုင်း ရယူခွင့်ရှိမည် ဖြစ်ပါသည်။
အမြတ်ဝေစုများ ထုတ်ဝေပေးရာတွင် –
Securities ကုမ္ပဏီများဖြစ်သော CB Securities, KBZSC Securities, MSEC Securities, AYAtrust Securities, KTZRH Securities နှင့် UAB Securities ကုမ္ပဏီတို့တွင် Securities Account ဖွင့်လှစ်ထားပြီး ဖြစ်သည့် အစုရှယ်ယာရှင်များအတွက် အမြတ်ဝေစုကို မိမိတို့ဖွင့်လှစ်ခဲ့သည့် Securities ကုမ္ပဏီများသို့ ထည့်သွင်းပေးမည်ဖြစ်ပါ၍ Securities ကုမ္ပဏီနှင့် ဆက်သွယ်ဆောင် ရွက်ကြရပါမည်။ ထည့်သွင်းပေးမည့်ရက်ကို ထပ်မံကြေငြာပါမည်။
Securities Account မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအနေဖြင့် Shwe Zabu River View Complex, 23G-1, No.3B, Tower (A), ပထမထပ်၊ ကမ်းနားလမ်း၊ အလုံမြို့နယ်တွင် လာရောက်ထုတ်ယူနိုင် ပါသည်။
—
ဒါရိုက်တာအဖွဲ့
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)
၂၀၁၆-၁၇၊ ၂၀၁၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂ Mini Budget ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တို့အတွက် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) မှ ခွဲဝေပေးသည့် အမြတ်ဝေစုအား အကြောင်းကြောင်းကြောင့် လာရောက်မထုတ်ယူသေးသည့် အစုရှယ်ယာရှင်များအနေဖြင့် အောက်တွင် ဖော်ပြထားသည့်အတိုင်း ဆက်သွယ်၍ အမြတ်ဝေစု ထုတ်ယူ နိုင်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ – မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်(MAGDPL) ရွှေဇဗ္ဗူရေးဗားဗျူးကွန်းပလပ်(စ်)၊ ၂၃ ဂျီ-၁၊ အမှတ် ၃-ဘီ၊တာဝါ (အေ)၊ ပထမထပ်၊ ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန် မြို့။
ဆက်သွယ်ရမည့်ဖုန်းနံပါတ် – ၀၉-၄၂၁၁ ၆၂၃၃၁
E-mail – info@magdpl.com
အသိပေးကြေညာချက်
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒါရိုက်တာအဖွဲ့က ဧကာဒဿမအကြိမ်မြောက် နှစ်ပတ်လည်အထွေအစည်းအဝေးတွင် တင်ပြမည့် နှစ်ပတ်လည်အစီရင်ခံစာ စာအုပ်ကို ၁၂-၁၀-၂၀၂၄ ရက်နေ့မှစတင်၍ MAGDPL ၏ Website ဖြစ်သည့် https://www.magdpl.com တွင် တင်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
—
ဒါရိုက်တာအဖွဲ့
မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)