ဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ခေတ်မီသိုလှောင်ရုံ ပန္နက်တင်မင်္ဂလာ အခမ်းအနား

၂၀၂၅ ခုနှစ်၊ ဧပြီလ (၄) ရက် (သောကြာနေ့)

ဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ခေတ်မီသိုလှောင်ရုံ ပန္နက်တင်မင်္ဂလာ အခမ်းအနား

သီလဝါအကွက်အမှတ် (၂၇၊ ၂၈၊ ၂၉) တွင် ကျင်းပပြုလုပ် သည့် ဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ခေတ်မီသိုလှောင်ရုံ ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ၂၀၂၅ ခုနှစ်၊ ဧပြီလ (၄) ရက် (သောကြာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်‌ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦး ဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ အကြီးအကဲ များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းများမှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ MEICO, MAPCO နှင့် MAGDPL တို့မှ ဒါရိုက်တာအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်‌ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးမှ သီလဝါအကွက်အမှတ် (၂၇၊ ၂၈၊ ၂၉) တွင် ကျင်းပပြုလုပ် သည့် ဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ခေတ်မီသိုလှောင်ရုံ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ MEICO ၏ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းမှ သီလဝါအကွက်အမှတ် (၂၇)တွင် အကောင်အထည်ဖော်ဆာင်ရွက်မည့် စီမံကိန်းများအားလည်းကောင်း၊

MAPCO ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်မှ သီလဝါအကွက်အမှတ် (၂၈)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအားလည်းကောင်း၊

MAGDPL ၏ ဥက္ကဋ္ဌ ဦးထွန်းလွင်မှ သီလဝါအကွက်အမှတ် (၂၉)တွင် အကောင်အထည်ဖော်ဆောင်ရွက် စီမံကိန်းများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ခေတ်မီသိုလှောင်ရုံတည်ဆောက်မည့် မင်္ဂလာမြေနေရာတွင် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ တိုင်းမှူး၊ မြို့တော်ဝန်၊ လမ်းပန်းဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ MAGDPL နှင့် Bagan Royal Star မှ (၁) စုစုပေါင်း (၉)ဦးမှ ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်ခြင်း၊ အမွေးနံ့သာရည်များ ပက်ဖျန်းခြင်းနှင့် ရွှေမိုးငွေမိုး ရွာသွန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည်ဆောက်မည့် မင်္ဂလာမြေနေရာတွင် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ တိုင်းမှူး၊ မြို့တော်၊ လုံ/နယ်ဝန်ကြီး၊ လမ်းပန်းဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူး အများပိုင်ကုမ္ပဏီ (၃)ခုမှ တာဝန်ရှိသူများ စုစုပေါင်း (၁၁) ဦးမှ နေရာယူ၍ အလျား ၄၀ ပေ၊ အနံ ၄ ပေရှိသော မြေကျင်းအား သဲဖို့ခြင်း များဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

မြန်မာ့လယ်ထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသည့် အလျား ၅၅၀ ပေ၊ အနံ ၁၅၀ ပေ အမြင့် ၃၄ ပေ စုစုပေါင်း စတုရန်းပေ ၈၂,၅၀၀ အကျယ်အဝန်းရှိသည့် ခေတ်မီသိုလှောင်ရုံကြီးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၏ မြေကွက်ပေါ်တွင် MAGDPL အနေဖြင့် နှစ်ရှည်ငှားရမ်းထားပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်နဲ့ တည်ဆောက်မှာဖြစ်ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။

တည်ဆောက်ပြီးစီးပါက ပြည်ပတင်ပို့ရန် အသင့်ဖြစ်သည့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့ တန် ၂၅,၀၀၀ ဝန်းကျင်ကို အရည်အသွေးများ မကျဆင်းအောင် စနစ်တကျနဲ့ သိုလှောင်ထားရှိနိုင်မှာ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံ တံတားများနဲ့လည်း နီးကပ်စွာ တည်ရှိတဲ့အတွက် ပို့ကုန် ကုမ္ပဏီတွေ အနေနဲ့ သင်္ဘောတင်စရိတ်သက်သာစွာဖြင့် ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်။

ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း တင်ပို့မှုမှာလည်း နှစ်စဉ် နိုင်ငံပေါင်း (၅၀) ဝန်းကျင်ကို တန်ချိန်ပေါင်း (၃)သန်း ဝန်းကျင်တင်ပို့နေတဲ့အတွက် MAGDPL ၏ သိုလှောင်ရုံ တည်ဆောက်ပြီးစီးပါက ပြည်ပတင်ပို့မှု လုပ်ငန်းများအတွက် နိုင်ငံတော်မှ ပို့ကုန်တိုးမြှင့်တင်ပို့ရန် အထူးတွန်းအားပေး ဆောင်ရွက်နေသည့် အချိန်အခါမှာ အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပေါ်လာမှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။